အခန်းဖော် ( ဇာတ်သိမ်းပိုင်း )



အခန်းဖော် ( ဇာတ်သိမ်းပိုင်း )

"ဒါပေါ့ကိုကိုချစ်!လဲကိုကိုကိုမခွဲနိုင်တော့ပါဘူးကိုကိုသာချစ်ကိုထားသွားရင်!"
ကိုကိုသူ့စကားအားအဆုးံထိပြောခွင့်မပြုသူ့နှုတ်ခမ်းဖြင့်ဆွဲစုပ်ပြီးပိတ်လိုက်တယ်။ခဏကြာမှ
"ညနေကသီချင်းလိုဘဲကိုကိုအချစ်ကပြောပြီးပြီလေအဲ့တော့မှချစ်အပေါ်ချစ်တဲ့အချစ်တွေပျောက်ဆုးံသွားလိမ့်မယ်"
"အင်းနော်အဲ့သီချင်းလေးတကယ်ကောင်းတယ်'အဆုးံ'ကိုကိုဆိုပြလေတစ်ခေါက်လောက်"
"အင်းအင်းချစ်ကိုဖက်ထားပြီးဆိုပြမယ်နော်ကိုကိုရင်ခွင်ထဲဝင်နေ"
ဇေယျကိုကိုပြောသလိုကိုကိုဘက်မျက်နှာချင်းဆိုင်လှည့်ပြီးလက်ပေါ်ခေါင်းခုအိပ်ပြီးကို့ရင်ဘက်ကိုသူ့နှုတ်ခမ်းနဲ့ဖိကပ်နမ်းပြီးညိမ်နေလိုက်တယ်။ကိုကိုဇော်ဝင်းထွဋ်ရဲ့အဆုးံသီချင်းလေးကိုရင်ဘတ်နဲ့ရင်းပြီးဆိုညည်းပြတယ်။
**တစ်နေ့...ပင်လယ်ရေတွေခမ်းတဲ့တစ်နေ့....
နေရောင်ခြည်တွေမလင်းတဲ့တစ်နေ့......
ကိုယ်နဲ့မင်းနဲ့ဝေးတဲ့တစ်နေ့....အဆုးံ.......
ကမ္ဘာမှာရှင်သန်ခြင်းများအဆုးံ..အရာရာပျက်သုန်းလို့ပြီးဆုးံ..ဒီဇာတ်လမ်းလေးလဲ အဲ့ဒီအချိန်မှာ
ဆုးံ...****ကျော်စွာသီချင်းအားဘယ်နှစ်ကြိမ်မြောက်မသိဆိုပြီးချစ်ကိုကြည့်လိုက်တော့အိပ်ပျော်နေတယ်။အသာနဖူးလေးအားနမ်းပြီးသူ့လက်ကနေခေါင်းအုံပေါ်ရွေ့ပေးလိုက်တယ်။ပြီးတော့ချစ်ရသူလေးအားပါးလေးနမ်းပြီးတစိမ့်စိမ့်ကြည့်နေမိတယ်။ခဏကြာတော့သူလဲအိပ်ပျော်သွားတယ်။
ဇေယျရုံးမှာနေ့လည်ထမင်းစားပြီးနားနေတယ်။လူကနားနေတယ်သာပြောတာလက်ကညနေဆေးပို့ရမယ့်နေရာတွေအားကြည့်နေမိတယ်။
"တူ!!!!တူ!!!!"တူ!!!"
သူဖုန်းလေးကောက်ကြည့်လိုက်တေ့ကိုမိုးကြီးဖုန်းဖြစ်နေတယ်။"ဟယ်လို!ကိုကြီးမိုး"
"အေးညီကိုညီလေးကိုအကူအညီတောင်းချင်လို့"
"အော်ကိုကြီးမိုးရာပြောနေရမယ့်သူတွေလား"
"အေးပါကွာညီကဆေးကုမ္ပဏီကဆိုတော့ပိုနီးဆက်လို့ပါ""ဟုတ်ပြောလေညီဘာကူညီရမလဲ"
"ညီလေးအသိတွေထဲမှာရင်းနှီးတဲ့ဆရာဝန်တွေရှိလား""ရှိတယ်လေကိုကြီးမိုးဘာပြချင်လို့လဲ"
"ယောင်္ကျားလေးဆရာဝန်နော်ငါ့ညီ"
"ဟုတ်ပါပြီအကိုဘယ်နေ့ပြချင်လဲညီဖုန်းဆက်ထားမယ်လေသူကညနေပိုင်းအဲ့ဆေးခန်းထိုင်တယ်""ဒီနေ့ညနေပြချင်တယ်ညီဆက်ကြည့်ပါအုံး""ရတယ်အကိုကျနော်ဆက်ပြီးနာမည်ပြောထားလိုက်မယ်ကိုကြီးမိုး5:30လောက်သွားလိုက်လူရှင်းတယ်""အေးညီကျေးဇူးဘဲနာမည်နဲ့နေရာပြောအုံးလေ"
"ဟုတ်ကဲ့!73လမ်းနဲ့34လမ်းဒေါင့်ကအစ်ကိုရာဇာဆေးခန်းမှာဒေါက်တာထွန်းအောင်ကျော်နဲ့ပြချင်လို့ပြောလိုက်ညီဖုန်းဆက်ထားလိုက်မယ်"
"အေးအေးညီကျေးဇူးပါကွာ""ဟုတ်ကဲ့ဒါဘဲနော်ကိုကြီးမိုးညီဖုန်းချလိုက်ပြီ"
သူလဲညနေအိမ်ရောက်တော့ကိုကိုအားကိုမိုးကြီးဖုန်းဆက်တာမပြောဖြစ်။နောက်နေ့ကျမှပုံမှန်သူအလုပ်သွားတော့သူစိတ်ထဲကိုမိုးကြီးအားသတိရနေစဉ် "တူ!!!!တူ!!!!"တူ!!!"
ဖုန်းမြည်လာလို့ကြည့်လိုက်တော့ကိုကို့ဖုန်းဖြစ်နေတယ်"ဟယ်လို!ပြောကို"
"အေးချစ်ရေစိတ်မကောင်းလို့ေ့ပြာရအုံးမယ်ကိုမိုးကြီးခုမနက်ကAccidentဖြစ်လို့ခုဆုးံသွားတယ်ကွ" "ဟာ!ဟုတ်လို့လားကိုမနေ့ကမှချစ်ဆီဖုန်းဆက်သေးတယ်""ဟုတ်တယ်ခုမနက်ဆေးခန်းသွားဦးမယ်ပြောသွားတာအပြန်သိပ္ပံလမ်းဘက်ကဘာလို့သွားတာလဲမသိဘူးကွာဦးခေါင်းထိသွားတာခုလေးတင်ဆုးံသွားတယ်တဲ့ကွ"
"ဘာနဲ့တိုက်တာလဲကို"
"သူ့ဟာသူအရှိန်မထိန်းနိုင်ဘဲဘေးကမြောင်းထဲကျပြီးခေါင်းထိတာပြောတာဘဲ"
"ဟုတ်ကိုညနေရုံးဆင်းမှကိုကိုနဲ့တစ်ခေါက်အိမ်သွားကျတာပေါ့""'အေးအေးချစ်"
ဇေယျညနေပိုင်းစောစောထွက်ခဲ့လိုက်တယ်။ငွေကောက်တဲ့ဆိုင်နဲ့ဆေးခန်းတွေအားခါတိုင်းလိုတစ်နေရာထဲကြာကြာထိုင်စကားမပြောတော့ဘဲမြန်မြန်အလုပ်လုပ်ပြီးအိမ်တန်းပြန်ခဲ့တယ်။အိမ်ရောက်တော့ကိုကိုမျက်နှာလဲကိုမိုးကြီးအတွက်ကြောင့်နွမ်းနေတယ်။
"ချစ်!ခဏနားပြီးရေချိုးလိုက်လေပြီးတော့ကိုမိုးကြီးအိမ်သွားရအောင်"
"ချစ်ပြန်မှချိုးတော့မယ်ကိုကိုခဏနေသွားမယ်လေ""အေးအေးချစ်အဝတ်လဲရင်းကိုကို့ဘီရိုထဲကတစ်သိန်းလောက်ယူခဲ့အုးံကူရအောင်လေ"
သူအဝတ်အစားလဲပြီးကိုမိုးကြီးတို့အိမ်ထွက်ခဲ့တယ်။အိမ်ရောက်တော့သူ့အမေကကိုကို့မြင်ပြီးငိုတော့သူ့လဲမျက်ရည်တွေဝဲပြီးကျလာတဲ့မျက်ရည်အားခိုးသုတ်လိုက်တယ်။ဒါတောင်ကိုမိုးကြီးခန္ဓာကဆေးရုံမှာထားလို့တော်သေးတယ်။ကိုကိုခဏလောက်စကားပြောပြီးတော့ကိုမိုးကြီးရဲ့ဆွေမျိုးတွေရောက်လာတာနဲ့နှုတ်ဆက်ပြီးပြန်ခဲ့တယ်။"အန်တီ!ကျွန်တော်တို့ပြန်အုးံမယ်"
"အေးအေးသားရယ်သူ့အစ်ကိုတွေအစ်မတွေရောက်လာပြီလေ""ဟုတ်ကဲ့အန်တီ"
ကိုမိုးကြီးအိမ်ကပြန်တော့သူလဲစကားမပြောဖြစ်ကိုကို့နောက်ကျော့ပေါ်မှီပြီးလိုက်ခဲ့တယ်။မိတ်ဆွေတစ်ယောက်ဆုးံရှုးံရတဲ့ဝမ်းနည်းမှု့ကတောကိုယ်တိုင်ခံစားဖူးသူတိုင်းနားလည်ပါတယ်လေ။
အိမ်ရောက်တော့ကိုကိုအိမ်ရှေ့မှာtvကြည့်ရင်း
"ချစ်!ရေမြန်မြန်ချိုးလိုက်လေချစ်ပြီးမှကိုကိုခြေလက်ဆေးတော့မယ်""ဟုတ်ကိုကို"
သူရေချိုးပြီးအခန်းထဲဝင်ပြီးညအိပ်ဝတ်အင်္ကျ ီလဲ
ပြီးတော့ကိုကိုခြေလက်ဆေးပြီးအိပ်ခန်းထဲရောက်လာတယ်။
"အိပ်တော့မလို့လားကိုကို""အေးချစ်"
ကိုကိုပြောပြီးကုတင်ပေါ်တက်ပြီးခွေနေတယ်။သူလဲအပြင်ဧည့်ခန်းဘက်ထွက်ပြီးမီးပိတ်တံခါးသေချာပိတ်မပိတ်ကြည့်ပြီးအိပ်ဖို့ဝင်ခဲ့တယ်။ကုတင်ပေါ်တက်ပြီးကိုကို့ပါးလေးအားမွေးလိုက်တယ်။ပြီးကိုကိုဘေးဝင်ပြီးဖတ်အိပ်လိုက်တယ်။
မနက်ရောက်တော့သူရုံးသွားဖို့ပြင်နေတယ်
"ချစ်!နာရေးလိုက်ပို့လို့ရလို့လားရုံးက"
"ရတယ်ကိုကိုချစ်ရုံးကနေစောင့်နေမယ်ကိုကိုလာခေါ်လှည့်လေ""အေးအေးချစ်"
နေ့လည်12:15လောက်ကိုကိုရုံးကိုလာခေါ်ပြီးရင်ခွဲရုံတန်းမောင်းလာတယ်။ကိုကိုနဲ့သူကနောက်ခန်းထိုင်ပြီးရှေ့ခန်းမှာကိုသူရနဲ့ကျောက်ဝိုင်းကအစ်ကိုမောင်းတာသူ့ကားဗင်ဖင်ကောက်လေးနဲ့ကားထဲမှာကိုကိုတို့သုးံယောက်ကိုမိုးကြီးဆုံးတာနဲ့ပတ်သတ်ပြီးပြောနေကျတယ်။သူကတော့တိတ်ဆိတ်စွာဘဲလိုက်ပို့ဖြစ်တယ်။နောက်တစ်ပတ်စနေနေ့သူရုံးနေ့တစ်ဝက်တတ်ပြီးပြန်တဲ့အချိန်ရုံးကအထွက်ဖုန်းမြည်သံလေးကြားလို့ထုတ်ကြည့်လိုက်တော့ဒေါက်တာထွန်းအောင်ကျော်ဖြစ်နေတယ်။"ဟယ်လို""အေးညီလေးဇေယျလား"ဟုတ်အစ်ကိုဘာဆေးလိုလို့လဲ"
"ဆေးလိုလို့မဟုတ်ပါဘူးဟိုတစ်ခေါက်ညီလွှတ်လိုက်တဲ့အစ်ကိုအခြေအနေဘယ်လိုလဲ"
"ဗျာ!အော်အစ်ကိုဆုံးသွားပြီဗျတစ်ပတ်ကျောိပြီ"
"ဟာကွာ!ကိုသေချာဆေးရုံကြီးသွားခိုင်းပြီးနှစ်သိမ့်ဆွေးနွေးပြီးဆေးသောက်ရင်လူ့သက်စေ့နေနိုင်တယ်လို့ပြောလိုက်တာကိုမသွားဘူးလား"
"မဟုတ်ဘူးအစ်ကိုဆိုင်ကယ်မှောက်ပြီးခေါင်းထိပြီးဆုးံသွားတယ်။ဒါနဲ့အဲ့အစ်ကိုဆေးစစ်ချက်ကဘာဖြစ်လို့လဲ""အော်အေးညီသူ့ခဏခဏဖျားပြီးပေါင်ချိန်တွေကျနေတာကသူ့မှာHIV positiveဖြစ်နေတယ်လေ"
"ဗျာ!"ဇေယျကိုထွန်းအောင်ကျော်ပြောစကားကြောင့်သူ့ခေါင်းတွေမိုက်ကနဲ့ဖြစ်ပြီးပြာသွားတယ်။နှလုံးခုန်လဲမြန်လာသောကြောင့်အသာလေးဘေးကခုံမှာပြန်ထိုင်ချလိုက်တယ်။သူမျက်စိထဲမှာကိုမိုးကြီးနဲ့sexဖြစ်တော့သူ့ရဲ့သုတ်တွေပါးစပ်ထဲဝင်တာရယ်tatooကိုအပ်တစ်ချောင်းထဲသုးံမိတာတွေမျက်လုံးထဲပြန်မြင်လာတယ်။သွားပြီသူ့ဘဝဆုးံတာကိစ္စမရှိသူ့အရမ်းချစ်တဲ့သူ့အားအရမ်းချစ်တဲ့ကိုကိုဘဝပါပျက်တော့မယ်။
"ဟယ်လို!ဟယ်လိုညီလေးဇေယျ"
သူ့ဖုန်းလေးထဲကဟိုဘက်ကခေါ်နေသံအားပြန်ပြောဖို့ခွန်အားတွေပျောက်ဆုံးသွားတယ်။သူရုံးရှေ့ကခုံမှာထိုင်နေတာဘယ်အချိန်ထိရှိသွားမှန်းရုံးညစောင့်ဦးလေးကြီးလာပြောမှသတိဝင်သွားတယ်။"သား!မပြန်သေးဘူးလားဘယ်သူ့စောင့်နေတာလဲ""အမ်!အော်!ဟုတ်ကဲ့ဦးအခုပြန်တော့မလို့ပါ""အေးအေးမိုးချုပ်နေပြီ"
သူအိမ်ပြန်ရောက်အောင်ဘယ်လိုမောင်းခဲ့မှန်းမသိစိတ်နဲ့လူနဲ့တခြားဆီဖြစ်နေတယ်။
"ချစ်!နောက်ကျလိုက်တာကွာဖုန်းခေါ်တာလဲမကိုင်ဘူး""ဟုတ်!ကိုဟို...ဟို...ဆိုင်ကယ်စီးနေလို့ချစ်မသိလိုက်တာပါ""ထမင်းစားရအောင်လေ"
"ဟုတ်ကဲ့"ဇေယျရုံးအိတ်အားဧည့်ခန်းထဲထားခဲ့ပြီးထမင်းစားခန်းထဲတန်းဝင်ခဲ့တယ်။ကိုကိုပြင်ထားတဲ့ထမင်းဝိုင်းမှာထိုင်ပြီးစားနေလိုက်တယ်။ကိုကိုဘာပြောနေမှန်းလဲမမှတ်မိဘယ်လိုကုန်သွားမှန်းလဲမသိ။ကိုကိုကသူ့ပန်းကန်ဆေးဖို့လာယူတော့မှသူထမင်းကုန်အောင်စားပြီးမှန်းသိတယ်။သူလက်ဆေးသွားတိုက်ပြီးအိပ်ခန်းထဲတန်းဝင်းပြီးကွေးနေလိုက်တယ်။အိပ်မပျော်သူ့မျက်စိထဲကိုမိုးကြီးနဲ့tatooထိုးခဲ့တဲ့မြင်ကွင်းဘဲမြင်နေပြီးသူ့တင်ပါးအားလက်နဲ့ပွတ်ကြည့်မိနေပြီးနောင်တရနေမိတယ်။ကိုကိုအခန်းထဲဝင်လာပြီး
"ချစ်!ဘာဖြစ်နေတာလဲဒီနေ့အလုပ်အဆင်မပြေလို့လားဒါမှမဟုတ်နေမကောင်းတာလား"
ကိုကိုပြောပြီးကုတင်ပေါ်ထိုင်ပြီးသူ့နဖူးအားလက်နဲ့လာစမ်းကြည့်တယ်။
"ကိုယ်တော့မပူပါဘူးခေါင်းကိုက်နေလားချစ်"
"ဘာမှမဖြစ်ပါဘူးကိုကို"
"ချစ်!ကြည့်ရတာပင်ပန်းနေသလိုဘဲအလုပ်ကအဆင်မပြေရင်လဲကိုကိုချစ်ကိုရှာကျွေးနိုင်ပါတယ်ချစ်အလုပ်ထွက်လိုက်လေ"
"အလုပ်တော့မထွက်ချင်ဘူးကိုကိုချစ်ကအိမ်မှာတစ်ယောက်ထဲပျင်းနေမှာပေါ့"
"အေးပါကွာချစ်စိတ်ချမ်းသာသလိုလုပ်ပါချစ်စိတ်တွေခုပျော်ရွှင်အောင်ကိုကိုတစ်ခုပြောရအုးံမယ်သိလား"" ဟုတ်ကဲ့ဘာလဲကိုကို"
"ကိုကိုဒီအိမ်ကိုဝယ်ဖို့ပြောလိုက်ပြီချစ်နဲ့ကိုကိုတို့အပိုင်ဖြစ်သွားပြီသိလား"
"ဟာ!တကယ်လားကိုကို""တကယ်ပေါ့ကိုကိုစုထားတာနဲ့ဝယ်လိုက်တာကျန်တာနည်းနည်းကိုဖြည်းဖြည်းချင်းပေးတဲ့"
ကိုကိုစကားကြောင့်ဝမ်းသာလို့ပျော်တုန်းသူ့အာရုံထဲကိုမိုးကြီးရဲ့အရိပ်မဲကြီးဝင်လာသောကြောင့်မျက်ရည်တွေအလိုလိုကျလာတယ်။ကိုကိုနဲ့သူနေရပါတော့မလားသူ့သွေးသားတွေမသန့်ရှင်းတော့ဘူးလေ။သူကြာကြာမနေရတော့ဘူး။ပြီးတော့သူ့အတွေးမှားကြောင့်တခဏမိုက်ရှူးရဲဆန်မှုကြောင့်လူလောကအလယ်မှာHIVပိုးကူးစက်ခံရသူတစ်ယောက်အနေနဲ့လူ့လောကအလည်မှာခေါင်းမဖော်နိုင်တော့ဘူး။တွေးရင်းအသံထွက်အောင်ငိုမိလိုက်တယ်။"ဟီးးးဟင့်..ဟင့်.."
"ချစ်!ကြည့်စမ်းဝမ်းသာပြီးငိုနေတာလား"
"ဟီးးးဟင့်...ဟီးးးဟင့်...အီးးးဟီးးးး"
"ချစ်ရယ်ကိုကဝမ်းသာအောင်ပြောတာတိတ်တော့ခေါင်းကိုက်နေမယ်"
ချစ်ရသူလေးသူ့အားဖက်ပြီးငိုနေတာသူလဲဘယ်လိုနှစ်သိမ့်ပေးရမလဲကျော်စွာမသိ။
"ချစ်!အိပ်တော့လေ" "ဟုတ်ကိုကို"
"ကိုကိုအိမ်ရှေ့တံခါးနဲ့မီးတွေသွားပိတ်လိုက်အုးံမယ်"ကိုကိုထွက်သွားတော့သူစဉ်းစားနေတယ်ကိုကိုနဲ့sexဖြစ်ဖို့ရှောင်ရမယ်ဟုတွေးမိပြီးကိုကိုနဲ့ဝေးရာထွက်ပြေးဖို့သူ့စဉ်းစားမိလေဒါမှမဟုတ်ကိုယ့်ကိုကိုယ်သတ်သေရမလားအတွေးတွေဟိုရောက်ဒီရောက်နဲ့ဘေးမှာကိုကိုတရှူးရှူးနဲ့အိပ်နေတာဘက်လှည့်ပြီးသူ့လက်လေးနဲ့ကိုကိုမျက်ခုံးတွေအသားတွေပွတ်ကိုင်မိတယ်။သူ့မျက်ရည်တွေဝဲလာပြီးမျက်ရည်တွေစီးကျလာတယ်။လူကသူ့အလိုလိုဝမ်းနည်းပြီးနောင်မှရတတ်တဲ့နောင်တကိုသူရလိုက်သော်လဲနောက်ကျသွားပြီ။
"ချစ်!ချစ်လေး!ထတော့လေ7ထိုးနေပြီ"
"အင်းးးကျွတ်!ကျွတ်" "ဘာဖြစ်ပြန်ပြီလဲချစ်"
သူညကတော်တော်နဲ့အိပ်မပျော်တညလုံးကိုကို့မျက်နှာအားကြည့်လိုက်သူ့လက်နဲ့ပွတ်သပ်ကြည့်ပြီးမိုးလင်းခါနီးမှအိပ်ပျော်သွားသောကြောင့်ခုကိုကိုလာနိုးတော့ခေါင်းတွေကိုက်နေတယ်။
"ခေါင်းကိုက်တာကိုကိုမနက်စာစားပြီးဆေးသောက်လိုက်ပါ့မယ်" "ကြည့်စမ်း!ချစ်ဒီချိန်ထိအိပ်တော့မျက်လုံးတွေတောက်မို့နေပြီ"
ဇေယျကိုကို့စကားကြောင့်အသာပြုံးပြမိတယ်။ညကတစ်ညလုံးငိုထားသောကြောင့်မို့နေတာသူသိပါတယ်။ပြန်ဖြေမနေတော့ဘူး။ရုံးရောက်တော့လဲသူလုပ်နေတာတွေဘာမှတက်ကြွမှုမရှိ။နောက်ဆုးံသူဆုံးဖြတ်ချက်ချလိုက်ပြီးဟန်းဖုန်းလေးအားဖွင့်ပြီးခေါ်လိုက်တယ်။
"ဟယ်လို!" "ဟုတ်ကဲ့အစ်ကိုကျနော်အစ်ကို့ဆေးခန်းညနေပိုင်းလောက်လာမလို့" "အေးညီလာခဲ့လေကိုလဲမှာစရာဆေးတွေရှိသေးတယ်" "ဟုတ်အစ်ကိုညနေကျနော်လာခဲ့မယ်"
သူရုံးစောစောဆင်းခဲ့ပြီးဒေါက်တာထွန်းအောင်ကျော်ထိုင်တဲ့ရာဇာဆေးခန်းကိုတန်းလာခဲ့တယ်။အပြင်မှာစာရေးမလေးအား"ဆရာရောက်ပြီလားညီမ" "ဟုတ်ကဲ့ရှိတယ်အကိုဝင်သွားလိုက်"
ဇေယျဆရာ့အခန်းထဲဝင်လာတော့စာဖတ်နေတယ်။"အေးညီလာကိုလဲခုမှရောက်တာ"
"အစ်ကို!ကျနော်ဘဝသွားပြီအစ်ကိုရာဟီးးးအီးးးဟီးးးအစ်ကိုရကျနော်တခဏတာမိုက်မဲမှုကြောင့်လေ""ဟာ!ငါ့ညီရယ်ဘာဖြစ်တာလဲကွာ"
ထွန်းအောင်ကျော်သူ့အခန်းထဲထိုင်ထိုင်ချင်းငိုနေတဲ့ညီလေးအားကြည့်မိသူတောင်မျက်ရည်ဝဲမိတယ်။"ဘာဖြစ်တယ်ဆိုတာကို့ကိုအရင်ပြောပါအုးံညီရာ" "ကို့ဆီလွှတ်လိုက်တဲ့အစ်ကိုကလေအစ်ကိုပြောတာHIVဖြစ်နေတယ်ဆိုတာလေတကယ်လား"
ဲ"အေးဟုတ်တယ်အဲ့လူကငါ့ညီအစ်ကိုအရင်းမို့လား" "ဟီးးးညီ့ဘဝတကယ်ပျက်ပြီဟီးးးအစ်ကိုရ
"ကဲကိုယ့်ကိုနားလည်အောင်ပြောပြငိုတာတိတ်တော့ညီ""အဲ့အစ်ကိုနဲ့ညီtatooအတူထိုးခဲ့တယ်သူအရင်ထိုးပြီးမှညီဆက်ပြီးထိုးခဲ့တယ်အစ်ကို" "အေးလေညီလေးထိုးတော့tattoဆရာက
အပ်အသစ်လဲပြီးထိုးတာမလားကိစ္စမရှိပါဘူး"
"မဟုတ်ဘူးအစ်ကိုအပ်အသစ်ကုန်နေလို့သူထိုးပြီးသားဆက်ထိုးခဲ့တာ""ဟာကွာ!မိုက်လှချည်လားညီရာအဲ့လိုမျိုးဆိုကိုယ့်သွေးသားရင်းတောင်အတူတူမသုးံသင့်ဘူးကွ""ဟီးးးဒါကြောင့်ညီဘဝလဲသွားပါပြီအစ်ကို""ခဏငါ့ညီအဲ့ဒါဘယ်အချိန်လောက်ကလဲ""ဟုတ်အစ်ကိုခြောက်လကျော်လောက်ရှိပြီထင်တယ်""ဟာ!ဒ့ါဆိုစိတ်ဓာတ်မကျနဲ့အုးံညီခုတလောနေမကောင်းတာတွေကိုယ်အလေးချိန်တွေကျသွားသေးလား""နေမကောင်းတော့မဖြစ်ဘူးခေါင်းကိုက်တာတော့ကြာပါပြီပေါင်ချိန်ကျမကျတော့ညီလဲချိန်မကြည့်ဖြစ်ဘူး"
"ကဲ့ဒါဆိုပိုသေချာအောင်သွေးစစ်လိုက်ညီ"
"ညီမစစ်ရဲဘူးအစ်ကိုသေချာနေပြီလေ"
"ညီ့ဘက်မှာ80%လောက်ရှိတယ်အဲ့ဒီအချိန်ခြောက်လကျော်ဆိုတာညီခုလိုစိတ်ဓာတ်ကျနေပြီးတကယ်မရှိဘူးဆိုငါ့ညီတခြားရောဂါတွေဝင်လာနိုင်တယ်အစ်ကို့စကားနားထောင်နော်"
"အစ်ကိုဘယ်သူ့မှလျောက်မပြောဘူးမလားညီ့အစ်ကိုကိုကျော်စွာ့ကိုပါတကယ်လို့ညီမှာအဲ့ရောဂါရှိနေရင်"
"စိတ်ချတကယ်လို့ညီ့မှာရှိနေရင်အစ်ကိုကဒီထက်ပိုပြီးနှစ်သိမ့်ဆွေးနွေးပြီးဘယ်လိုနေထိုင်ရင်လူ့သက်စေ့နေနိုင်မယ်ဆိုတာပြောပြမယ်"
"ဟုတ်ကဲ့ဒါဆိုညီဒီနေ့စစ်ဖို့ထားခဲ့ရင်ဘယ်ချိန်လောက်သိရမလဲ""မနက်ဖြန်ဆိုသိရပြီကိုညနေဆေးခန်းထိုင်တဲ့အချိန်ညီအဖြေလာယူပေါ့ကွာ""ဟုတ်ဒါဆိုအစ်ကိုစစ်ဖို့သွေးယူပါတော့"
ဇေယျဆေးခန်းကအပြန်လူကအိမ်လဲမပြန်ချင်တော့သူ့ဘဝကသေချာနေပြီလေ။ဒါနဲ့ဆေးခန်းကနီးတဲ့73လမ်းကJJbeerဆိုင်မှာထိုင်သောက်နေလိုက်တယ်။"တူ!!!တူ!!!!တူ!!"စားပွဲပေါ်ကဖုန်းလေးကြည့်လိုက်တော့ကိုကိုဖုန်းလာနေတာဒါနဲ့ဆိုဘယ်နှကြိမ်ဘဲမသိတော့သူမကိုင်မိခုတစ်ခါလဲ။ဖုန်းခေါ်သံရပ်သွားပြီးခဏကြာတော့မက်ဆေ့ဝင်လာတယ်။ကိုကိုဆီကဘဲဆိုတာသိနေတယ်။စားပွဲပေါ်ကတစ်ဝက်လောက်ကျန်နေတဲ့ခွက်အားအကုန်မော့လိုက်ပြီးမက်ဆေ့ကိုဖွင့်ကြည့်လိုက်တယ်။"ညီ!ကိုကိုစိတ်ပူနေတယ်အလုပ်များနေပြီးဖုန်းမကိုင်အားလို့လားကိုကိုဆီအမြန်ပြန်ဆက်သွယ်နော်။ချစ်!ကိုချစ်တဲ့ကိုကို"
မက်ဆေ့ဖတ်ပြီးမျက်ရည်ကအလိုလိုဝဲလာတယ်။ဖုန်းကိုတစ်ခါထဲပါဝါပိတ်ပစ်လိုက်တယ်။"အစ်ကို!ဆိုင်ပိတ်တော့မှာမို့beerထပ်ယူအုးံမလား""အေးညီမယူတော့ဘူးဘေယူခဲ့တော့"
သူbeerဆိုင်ကထွက်လာပြီးအိမ်လဲမပြန်ချင်သောကြောင့်တည်းခိုခန်းတစ်ခုတစ်ခုတွင်အိပ်ရန်စဉ်းစားမိတော့"လမင်းသာ"တည်ခိုးခန်းမှာနေဖို့ဆုးံဖြတ်လိုက်ပြီးတည်းခိုးခန်းရှိရာ29လမ်းတည့်တည့်မောင်းလာခဲ့တယ်။ကျော်စွာတစ်ယောက်ခုချိန်ထိမအိပ်နိုင်သေးအိမ်ရှေ့တံခါးကြီးအားဖွင့်ထားပြီးအိမ်ပေါက်ကနေမျှော်နေမိတယ်။လက်ကနာရီကြည့်တော့12:40ဖုန်းကလဲခေါ်လို့မရပိတ်ထားတယ်။ဒါနဲ့တံခါးပိတ်ပြီးအိပ်ခန်းထဲဝင်ခဲ့ပေမယ်အိပ်မပျော်။ဇေယျဘာဖြစ်နေတာလဲတစ်ခုခုတော့မဖြစ်နိုင်ကောင်းပါဘူး။ရုံးကဘဲအလုပ်ရှုပ်နေတာလားကျော်စွာအတွေးပေါင်းများစွာနဲ့သူဘေးနားမှာချစ်ရသူလေးမရှိတော့မအိပ်တတ်ဟာနေသလိုဒါတောင်တစ်ရက်မပြည့်သေး။
"ဒေါက်!ဒေါက်!ဒေါက်!"
အခန်းတံခါးလာခေါက်မှဇေယျနိုးသွားတယ်။လက်ကနာရီကြည့်လိုက်တော့9:45တောင်ရှိနေပြီ။
သူတံခါးဖွင့်လိုက်တော့တည်းခိုခန်းကချာတိတ်လေးသူ့အားအသံမကြားလို့မနက်ကတည်းကခေါ်ကြည့်တာတဲ့။သူတည်းခိုးခန်းမှာဘဲဖုန်းအားညကတည်းကပိတ်ထားတဲ့အတိုင်းထားပြီးဘယ်မှမထွက်ဘဲနေဖြစ်တယ်။တည်ခိုးခန်းကချာတိတ်လေးဘဲစားစရာဝယ်ခိုင်းပြီးအခန်းအောင်းနေမိတယ်။ညနေကျစိတ်ကအလိုလိုသိချင်ပြန်ရောဆေးစစ်ချက်အဖြေကိုထွန်းအောင်ကျော်သိနေလောက်ပြီ။
ဒါနဲ့ဖုန်းပါဝါပိတ်ထားတာလေးအားဖွင့်ကြည့်လိုက်တယ်။ဖွင့်ဖွင့်ချင်းကိုကိုဖုန်းတန်းဝင်လာတယ်။သူဖုန်းလေးအားငေးကြည့်မိရင်း"ကိုကိုရယ်မေ့နိုင်အောင်ကြိုးစားပါတော့ညီ့ခန္ဓာကိုယ်ကကိုကိုနဲ့မထိုက်တန်တော့ပါဘူးလေ"စိတ်ထဲကပြောပြီးဖုန်းလေးခေါ်သံရပ်သွားတော့မက်ဆေ့သံတွေအဆက်မပြတ်ကြားတယ်။ဖွင့်ကြည့်လိုက်တော့ကိုကိုသူ့အားစိတ်ပူနေကြောင်းဖုန်းကိုင်ပြီးပြန်ပြောပါအုံးသူအားနေရာအနှံတစ်နေ့လုံးလိုက်ရှာနေကြောင်းတွေအများကြီးပို့ထားတယ်။နောက်မက်ဆေ့တစ်စောင်ကတော့ကိုထွန်းအောင်ကျော့်ဆီကဖုန်းပိတ်ထားသောကြောင့်ညီ့အဖြေအတွက်ဆွေးနွေးရအောင်ရုံးဆင်းရင်တန်းဝင်ခဲ့ဖို့ရေးထားတယ်။
စိတ်ထဲကသိနေတဲ့အဖြေအတွက်သွားချင်စိတ်မရှိတော့ဒါပေမယ့်စိတ်ကလဲသိချင်စိတ်ကတားမရသောကြောင့်ကိုထွန်းအောင်ကျော်ဆေးခန်းကိုလာခဲ့လိုက်တယ်။သူရောက်တော့ဆေးခန်းကလူသိပ်မရှိတော့သူအခန်းထဲဝင်သွားတော့ကိုထွန်းအောင်ကျော်က"ထိုင်!ညီဖုန်းပိတ်ထားလို့မက်ဆေ့ပို့လိုက်တာစိတ်ကရောအသင့်ဖြစ်ပြီလားညီ့ဆေးစစ်ချက်အတွက်""ဟုတ်ကဲ့ညီအသင့်ဖြစ်နေပါပြီ""ရော့ညီဘာသာဖတ်ကြည့်လိုက်"
ဒေါက်တာလှမ်းပေးတဲ့စာရွက်ခေါက်လေးအားလှမ်းယူတော့လက်တွေသိသိသာသာတုန်နေတယ်စာရွက်ထဲကစာလုံးတွေအကုန်မဖတ်ဘဲ
"HIV-Negative"တဲ့"ဟာ!အစ်ကိုဒါဆိုညီ့မှာပိုးကူးစက်မခံရဘူးပေါ့""အေးပေါ့ညီရာငါ့ညီသိပ်ကံကောင်းတယ်သူနဲ့အတူတူထိုးတုန်းကသူ့မှာရောဂါရှိမနေဘူးခြောက်လကျော်ပြီဆိုတော့သေချာတယ်။နောက်မသေမချင်မှတ်ထားကိုယ့်ညီအစ်ကိုအရင်းတောင်အတူတူမထိုးနဲ့""ဟုတ်ကဲ့ပျော်လိုက်တာအစ်ကိုရာဟားးးးးအားး!အားးး!"
"ဟာ!ညီလေး!ငါ့ညီ!အပြင်ကဆရာမတစ်ယောက်လောက်""ဆရာ!ဘာဖြစ်လို့လဲ"
"heart failure ဖြစ်ဖို့များတယ်ကျနော်နည်းနည်းကူပေး"
ဇေယျနှလုံးခုန်သံမြန်သလိုဘဲဒါပေမယ့်မောမနေနှလုံးသားနေရာကနွေးထွေးနေသလိုအသာမျက်လုံးဖွင့်ကြည့်လိုက်တော့မျက်နှာကျက်ဖွေးဖွေးအသက်ရှူတော့ဆေးခန်းတွေမှာသုးံတဲ့အနံ့ရလိုက်တယ်။သူအသာထမလိုလုပ်တော့သူ့လက်အားဆုပ်ကိုင်ပြီးကုတင်ပေါ်ခေါင်းတင်ပြီးအိပ်နေတဲ့ကိုကိုသူ့လက်အားဆုပ်ကိုင်ထားတယ်ဒါကြောင့်သူ့နှလုံးသားတွေနွေးထွေးနေတာကိုသူကုတင်အားကျောမှီဖို့နည်းနည်းရွေ့လိုက်တော့ကိုကိုနိုးသွားတယ်။"ညီ!သတိရပြီလား""ဟုတ်ကဲ့""ကိုကို့မှာဖုန်းရရချင်းဘယ်လောက်စိတ်ပူရလဲ
တညလုံးလဲအိပ်မရဘူးကွ"
ကိုကိုပြောရင်းမျက်ရည်တွေစီးကျလာတယ်။ယောင်္ကျားတစ်ယောက်ကျတဲ့မျက်ရည်သူကိုယ်တိုင်အပြင်ခုသူသိပ်ချစ်ရတဲ့ကိုကိုမျက်ရည်တွေကျနေတောသူလဲရင်နာရပြန်တယ်။
"မငိုပါနဲ့တော့ကိုကိုညီခုဘာမှမဖြစ်တော့ပါဘူး"
"ကိုယ့်မှာဒီကဆရာကဖုန်းကိုင်တော့ချစ်ညီ
heartacheရသွားတယ်ဆိုတော့ကိုယ့်မှာဘာမှမမြင်ဘူးချစ်တစ်ခုခုဖြစ်သွားရင်ကိုပါသေနိုင်တယ်""အင်းပါခုရှူးတိုးတိုးဆေးခန်းထဲမှာ"
"ငါ့ညီသတိရနေပြီဘဲ""ဟုတ်တယ်ဆရာအဲ့ဒါကျနော်ပြောနေတာစိတ်ပူလို့""ဟုတ်တယ်ညီရေညီ့အစ်ကိုဖုန်းဆက်လို့တော်သေးဒါပထမမဆုံးအကြိမ်heartacheနော်အစ်ကိုကလဲသူစိတ်ညစ်အောင်မလုပ်မိစေနဲ့ဆေးလဲပုံမှန်သောက်ပေးနှလုံးအားတိုးဆေးကိုခုတော့ညီပြန်လို့ရပြီ"
"ဟုတ်ကဲ့!အစ်ကိုဒါဆိုညီဆေးဖိုးအပြင်မှာရှင်းခဲ့လိုက်မယ်""အေးပါကွာကိုယ့်ညီကဆေးပို့ပေးတဲ့သူမို့ကိုသိပ်မယူခိုင်းထားပါဘူး""ဟုတ်ကဲ့ဆရာကျနော်ညီလေးအတွက်ကျေးဇူးတင်ပါတယ်""ဟုတ်ကဲ့ရပါတယ်ဗျာ"အိမ်ပြန်ရောက်တော့
"ချစ်!အလုပ်ထွက်လိုက်ပါလားကိုကိုစိတ်မပူရအောင်""အလုပ်တော့မထွက်ပါရစေနဲ့ကိုကိုရာနော်စိတ်ချနောက်ချစ်ဘာဖြစ်ဖြစ်ကိုကိုပြောပါ့မယ်""သေချာတယ်နော်ကိုကိုချစ်ကိုစိတ်ပူတာသိတယ်မလား""စိတ်ချပါကိုကိုယ့်ရဲ့ဒီအခန်းလေးထဲမှာချစ်နဲ့ကိုကိုတစ်သက်လုံးအေးအတူပူအမျှနေသွားနိုင်အောင်ချစ်ဘာလုပ်လုပ်ကိုကို့ကိုအသိပေးပြီးမှလုပ်မယ်""ချစ်လိုက်တာချစ်ရာအာဘွား"
အချစ်တွေပြည့်နေ့တဲ့အခန်းလေးထဲမှာတော့
ပြီးပါပြီ။

Comments

Popular posts from this blog

ကြောင်ခံတွင်းပျက် နှင့် ဇရက်တောင်ပံကျိုး

အခန်းဖော်( ၇ )

ပွဲတစ်ည ဆွဲကြမယ် တဖုန်းဖုန်း.... (စဆုံး)