ကြောင်ခံတွင်းပျက် နှင့် ဇရက်တောင်ပံကျိုး
ကြောင်ခံတွင်းပျက် နှင့် ဇရက်တောင်ပံကျိုး အန်တီ နီလာ နဲ့ပါတ်သတ်ရင် အဖြစ်သည်း လွန်း တဲ့မေမေ့ ကို တခါတလေ တကယ်စိတ်မရှည်ချင်ပါ ။ ကျောင်းတုန်းက သူငယ်ချင်း ကို ညီအမတွေ ထက်ပိုချစ်တာ လွန်လွန်းတယ်လို့ ထင်တာပဲ ။ အခုလည်း အန်တီ နီလာ ခလေး မွေးတာ ကို တမြို့တည်းလည်းမဟုတ် ပြင်ဦးလွင်ထိ တက်ပီး သွားနေပေးမလို့တဲ့ ။ သူ့ဟာသူ သွားတာ ပြသနာ မဟုတ်ပေမယ့် အခုက ကျနော့် ပါ လိုက်ရမယ် ဆိုတော့ စိတ်တကယ်ညစ်မိပါတယ် ။ အန်တီ နီလာ လက်ပေါ်မှာ ကြီးခဲ့ရတာ မို့ ကျနော် လည်း ချစ်ပါတယ် ။ ဒါပေမယ့် အခု ကိစ္စ က တော့ မေမေ အိုဗာတင်းနေသလိုပဲ ။ ပြောတော့လည်း အသက် ၄၀ ကျော်မှ ခက်ခက်ခဲခဲ သားဦးမွေးတာ မို့စိတ်မချဘူးတဲ့။ အန်တီနီလာ က ၄၀ ကျော်မှ သူ့ထက် အသက်ငယ်သော ယောက်ျားတစ်ဦး နဲ့ အိမ်ထောင်ကျ ကာ အခု မှ သားဦး မွေးခြင်းဖြစ်သည်။ မေမေ က ၁၈ နှစ် နဲ့အိမ်ထောင်ကျ ခဲ့လို့ ကျနော် အသက် ၂၅ ပြည့် ကာနီး မှ မေမေ့သူငယ်ချင်း အန်တီ နီလာ က သားဦးမွေးတော့ တမျိူ းတော့ဖြစ်တာပေါ့ ။ ကဲ ထားပါတော့ အပျိူကြီး ခလေး မွေးတာ ကို ကျနော် က မေမေ့ကိုလိုက်ပို့ရင်း ဝေယာဝစ္စ လုပ်ဖို့ ဟိုပြေး ဒီပြေး ပစ္စည်းယူဖို့လိုက်ရတယ်ပေါ့ ။ ကျောင်းပီး ကတည်းက အလုပ်ဂျီးများပြီး အလုပ်မရှိဖြစ်နေတော့ အခုတ...